လူမႈဝန္ထမ္းဦးစီးဌာနႏွင့္ Good Neighbors International (Myanmar) အဖြဲ႕အၾကား နားလည္မႈ စာခြၽန္လႊာ (MoU) လက္မွတ္ေရးထိုးပြဲက်င္းပျခင္း ==================================

ေနျပည္ေတာ္၊ ၃၀.၄.၂၀၁၉ Good Neighbors International (Myanmar) သည္ ကေလးသူငယ္ကာကြယ္ ေစာင့္ေရွာက္ေရးႏွင့္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္၍ စီမံခ်က္ေဒသအတြင္းရွိ ကေလးသူငယ္မ်ားအား ကာကြယ္ေစာင့္ေရွာက္ႏိုင္ေရးႏွင့္ ပညာသင္ၾကားခြင့္ ရရွိေစေရး၊ ရပ္႐ြာ လူထုအား စီပြားေရးတိုးတက္လာေစေရးႏွင့္ ေရရွည္တည္တံ့ေသာ ပတ္ဝန္းက်င္တြင္ ေနထိုင္ ႏိုင္ေစေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ လူမႈဝန္ထမ္းဦးစီးဌာနႏွင့္ Good Neighbors International (Myanmar) အဖြဲ႕တို႔ၾကား နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးျခင္း အခမ္းအနားကို (၃၀.၄.၂၀၁၉) ရက္ေန႔တြင္ လူမႈဝန္ထမ္းဦးစီးဌာန အစည္းအေဝးခန္းမ၌ က်င္းပခဲ့ရာ လူမႈဝန္ထမ္းဦးစီးဌာန ၊ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ ေဒါက္တာစန္းစန္းေအးမွ ဦးေဆာင္၍ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ ၫႊန္ၾကားေရးမႉးမ်ားႏွင့္ Good Neighbors International (Myanmar) အဖြဲ႕မွ Country Director၊ Mr. Eun Chang Jang ႏွင့္တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကပါသည္။ ဆက္လက္ၿပီး Good Neighbors International (Myanmar) အဖြဲ႕သည္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးစိုးေအာင္အား သြားေရာက္ေတြ႕ဆုံဂါရဝျပဳခဲ့ပါသည္။ #Unicode လူမှုဝန်ထမ်းဦးစီးဌာနနှင့် Good Neighbors International (Myanmar) အဖွဲ့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲကျင်းပခြင်း =================================== နေပြည်တော်၊ ၃၀.၄.၂၀၁၉ Good Neighbors International (Myanmar) သည် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်၍ စီမံချက်ဒေသအတွင်းရှိ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် ပညာသင်ကြားခွင့် ရရှိစေရေး၊ ရပ်ရွာ လူထုအား စီပွားရေးတိုးတက်လာစေရေးနှင့် ရေရှည်တည်တံ့သော ပတ်ဝန်းကျင်တွင် နေထိုင် နိုင်စေရေးလုပ်ငန်းများဆောင်ရွက်ရန် လူမှုဝန်ထမ်းဦးစီးဌာနနှင့် Good Neighbors International (Myanmar) အဖွဲ့တို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို (၃၀.၄.၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးမှ ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် Good Neighbors International (Myanmar) အဖွဲ့မှ Country Director၊ Mr. Eun Chang Jang နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီး Good Neighbors International (Myanmar) အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား သွားရောက်တွေ့ဆုံဂါရဝပြုခဲ့ပါသည်။

Credit – Department of Social Welfare Facebook Page