Good Neighbors International Myanmar မှဆောက်လုပ်လှူဒါန်းပေးသော ECCD Center (မူကြိုကျောင်းဆောင်) လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇွန်လ၊ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဒေါင်းမီးခွက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို Good Neighbors International Myanmar ရုံးချုပ်မှ တာဝန်ရှိသူများ၊ ဒေသဖွံဖြိုးရေးစီမံချက်ဝင်ကျေးရွာမှ လူထုအခြေပြုဖွံဖြိုးရေးအဖွဲ့တာဝန်ရှိသူများ၊ ကျေးရွာမှ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။